ရွေးကောက်ပွဲနှင့်ပတ်သက်သော အချက်အလက်များ သိရှိရန် mVoter 2020 App ကို အသုံးပြုနိုင်
လာမည့် နိုဝင်ဘာ ၈ ရက်တွင် မဲပေးရတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်သော အချက်အလက်များကို စုံစုံလင်လင် သိရှိရန် mVoter 2020 App ကို အသုံးပြုနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
mVoter 2020 App တွင် မိမိ မဲပေးရွေးချယ်ရမည့် ကိုယ်စားလှယ်လောင်းများ၏ အချက်အလက်များ၊ နိုင်ငံရေးပါတီများနှင့် ၎င်းတို့၏ မူဝါဒများကို အလွယ်တကူ လေ့လာနိုင်ကြောင်း သိရသည်။
မဲပေးနည်း အဆင့်ဆင့်၊ ပယ်မဲ/ခိုင်လုံမဲ နမူနာများ၊ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများ၊ ရွေးကောက်ပွဲသတင်းနှင့် ကြေညာချက်များကိုလည်း အချိန်နှင့်တပြေးညီ စုံလင်စွာ ကြည့်ရှုနိုင်သည်ဟု ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စက်တင်ဘာလ ၂၉ ရက်တွင် mVoter 2020 App ကို စတင်မိတ်ဆက်ခဲ့ပြီး အောက်ပါ Link များမှတစ်ဆင့် အခမဲ့ ရယူအသုံးပြုနိုင်ပါသည်။
For Android
⬇ ဆော့ဝဲအား ဒေါင်းယူရန် ⬇
For iOS
⬇ ဆော့ဝဲအား ဒေါင်းယူရန် ⬇
အားလုံးအဆင်ပြေပါစေ
#mVoter2020
#ဆော့ဝဲလ်လမ်းညွှန်