
Samsung J 2 Prime နှင့် Samsung ဖုန်း J စီးရီ တွေကို ဇော်ဂျီမှ Unicode ပြောင်းသုံးနည်း

ကဲနောက်လဆိုရင် Unicode ကိုပဲ အသုံးပြုကြရမယ်ဆိုတာ အားလုံးသိလောက်ပြီထင်ပါတယ်။
ဘာကြောင့် Zawgyi ကို အသုံးမပြုပဲ Unicode ကို အသုံးပြုခိုင်းတာလဲပေါ့နော် လူတိုင်းကလဲ Zawgyi နဲ့အသားကျနေပြီဆိုတော့ မသိသေးတဲ့ လူ​တွေကတော့ နားမလည်နိုင်သလို မေးခွန်းထုတ်စရာလဲဖြစ်နေမှာပါ။

ဘာကြောင့်လဲဆိုတာ အဖြေကရှင်းပါတယ်။ Zawgyi Font ကို အခုခေတ်မှာ Main Search Engine ဖြစ်နေတဲ့ Google က Zawgyi ကို Support မလုပ်ပါဘူး။
ဘာကြောင့်မလို့ Google ပြုလုပ်ထားတဲ့ App တွေဆိုရင် Zawgyi နဲ့ အသုံးပြုရင် မြန်မာစာမမှန်တာတွေဖြစ်နေတာပါ။

ဒါ့အပြင် ကျနော်တို့ မြန်မာတွေက Google က Support လုပ်တဲ့ Unicode ကို အသုံးမပြုတာကြောင့် ကျနော်တို့ နိုင်ငံကိုလည်း Google နဲ့ ကြော်ငြာကောင့်တွေလျှောက်ပြီး ဝင်ငွေရနိုင်တဲ့ Google Ad ​တွေပါ ban ခံထိထားပါတယ်။
ကျနော်တို့တွေသာ Google က Support လုပ်တဲ့ Unicode ကိုသာ အားလုံး အသုံးပြုမယ်ဆို ရင် Google က ထုတ်ထားတဲ့ App တွေကို မြန်မာစာမှန်မှန်ကန်ကန် အသုံးပြုနိုင်မှာဖြစ်ပြီးတော့ နာဂတ်မှာလည်း Google Ad တွေကို လွယ်လွယ်ကူကူ လျှောက်လို့ရပါလိမ့်မယ်ဗျ။

အားလုံးပဲ Unicode ကို ဝန်းရံဖို့လိုနေပါပြီ။

#ဆော့ဝဲလမ်းညွှန်






#ဆော့ဝဲလမ်းညွှန်