Messenger မှာ ပြောခဲ့ဖူးတဲ့ စာတွေကို အချိန်တိုတိုအတွင်းမှာ ပြန်ရှာနည်း
ကျနော်တို့တွေ တစ်ခါတစ်လေမှာ Messenger မှာ ပြောခဲ့ဖူးတဲ့ စာတွေကို အရေးကြီးလို့ဖြစ်ဖြစ် သတိရလို့ဖြစ်ဖြစ် ပြန်ရှာလေ့ရှိကြပါတယ်။ အရင်ကဆို ဒီလိုမျိုးပြန်ရှာဖို့ဆိုတာ Conversation တွေများသလို အချိန်ယူပြီးရှာရပါတယ်။
ဖေ့ဘုတ်က ဒီအခက်ခဲကို အဆင်ပြေအောင် Search in Conversation ဆိုတဲ့ လုပ်ဆောင်ချက်အသစ်လေးကို ထည့်သွင်းလာပါပြီ။ ဒီလုပ်ဆောင်ချက်လေးက Conversation ထဲကမှ ပြန်ရှာချင်တဲ့ စာလေးကို ရိုက်ရှာလိုက်တာနဲ့ အချိန်တိုတိုအတွင်းမှာ ပြန်လိုချင်တဲ့စာကို ပြန်ရမှာဖြစ်ပါတယ်။
အသုံးပြုနည်း မသိသေးသူးများတွက် ပုံလေးတွေနဲ့ လေ့လာနိုင်အောင် အသေးစိတ်ရှင်းပြထားပါတယ်။
အားလုံးအဆင်ပြေပါစေ....
#ဆော့ဝဲလမ်းညွှန်