မနက်အိပ်ရာထဖို့  Alarm ပေးထားရင် သချာင်္ပုဒ်စာမှန်မှ Alarm ပိတ်ပေးမယ့်နည်းလေးပါ..
ဒီ Application နဲ့ Alarm လုပ်ထားပြီး၊ Alarm ပိတ်ဖို့ဆိုရင်
☺ အိပ်ရာအပြင်က ပစ္စည်းတစ်ခုခုကို ဓာတ်ပုံရိုက်မှတ်ထားပြီး၊ alarm မြည်ရင် အဲ့ပစ္စည်းသွားရှာပြီး ဓာတ်ပုံရိုက်ပြမှ ပိတ်မလား??
(ဥပမာ - မျက်နှာသစ် Basin လိုမျိုး ၊ ကိုယ်သုံးမယ့်မျက်နှာသစ်ဆေး ၊ သွားတိုက်ဆေး ၊သွားတိုက်တန်တို့ပေါ့.....)
☺ အိပ်ရာထဲကထပြီးဖုန်းကို shake လုပ်မှ ပိတ်မလား??
☺ သင်္ချာတွက်ပြီး အဖြေမှန်မှ alarm ပိတ်ရမလား??
☺ (Easy, Normal, Hard level အများကြီးတောင်ရှိသေး)
ကုတင်အပြင်က save လုပ်ထားတဲ့ Bar Code တစ်ခုခုကို scan ဖတ်ပြမှ ပိတ်ပေးရမလား?? ကြိုက်တာရွေးလို့ရတယ်::
အရင်လို လွယ်လွယ် Alarm ပိတ်ပြီး ပြန်အိပ်ဖို့တော့ မစဉ်းစားနဲ့!!! 😂(ပြီးတော့ Alarm မြည်နေတုန်း လူလည်ကျပြီး ပါဝါပိတ်တာတို့၊ uninstall လုပ်တာတို့ လုပ်လို့မရအောင် setting ချိန်ထားလို့ရသေးတယ်... ကိုယ့်အကြောင်းကိုသိရင် အဲ့ setting လေးတွေ တစ်ခါတည်း "On" ထားပါ.. 🤭)ကိုယ်တော့ မနက်ဖြန် သင်္ချာတွက်ပြီးထနိုင်အောင် စမ်းကြည့်လိုက်ဦးမယ်.. 😆။ အသုံးပြုချင်သူများအောက်က Link မှာဒေါင်းနိုင်ပါတယ်။
ဆော့ဝဲကို ဒီမှာဒေါင်းပါ - http://bit.ly/2NayHUu
အဆင်ပြေပါစေ
#ဆော့ဝဲလမ်းညွန်