အမျိုးသမီးတွေ ဘဝ လုံခြုံစေဖို့ နည်းလမ်း
အမျိုးသမီးတွေ ဘဝ လုံခြုံစေဖို့ (အပန်းမကြီးရင် ရှယ်ပေးစေချင်ပါတယ်)
အမျိုးသမီး များ အတွက် အကာအကွယ်ပေးနိုင်ဖို့ Android app လေးတစ်ခုရှာတွေ့ပါတယ်။ နာမယ်က Women Safety ပါ။ Google Play မှာရော အောက်က Link မှာပါ အခမဲ့ down လို့ရပါတယ်။ ဒေါင်းပြီးတာနဲ့ ကိုယ့်ဖုန်းနံပတ်ရယ်၊ ကိုယ်တစ်ခုခုဖြစ်ရင် အသိပေးစေချင်တဲ့ နံပတ်ရယ် စတဲ့ဟာလေးတွေထည့်ပြီးတာနဲ့သုံးလို့ရပါပြီ။
ဆော့ဝဲကို ဒီမှာဒေါင်းယူပါ Download
အန္တရာယ် တစ်ခုခု ကြုံဖို့ ဖြစ်လာတာဖြစ်စေ ကျန်းမာရေး မတော်တဆ တစ်ခုခုဖြစ်လာတာနဲ့ အနီရောင် Panic Alert လေးကို နှိပ်လိုက်ရုံပဲ။ ရဲကားအသံလိုကြီးမြည်လာမယ်။ ကိုယ့် ဖုန်း ကင်မရာကနေ ဓာတ်ပုံ ဗီဒီယိုတွေအလိုလျောက်ရိုက်ကူးမယ် ပြီးရင်ကိုယ်ရောက်နေတဲ့နေရာအတိအကျကို SMS နဲ့ ကိုယ်အသိပေးချင် တဲ့ သူဆီ(ကိုယ် setting ထဲမှာ ထည့်ထားတဲ့ မိသားစုဝင် သူငယ်ချင်းစသည်တို့ဆီ) location link ချက်ခြင်းပို့ပေးပါတယ်။ တစ်ခုခုဖြစ်တာချက်ခြင်းသိပြီးနေရာအတိအကျမို့လို့ အကူညီပေးဖို့ ဒါမှမဟုတ် တာဝန်ရှိတဲ့ ရဲကိုအကြောင်းကြားဖို့ အဆင်ပြေပါမယ်။
မိန်းကလေးသာမက သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေကိုလဲ သင်ထားပေးရင် သုံးရလွယ်ပါတယ်။
တစ်ခုတော့ရှိတယ်။ လုံခြုံမှုအတွက်ဘသတိတရားကပိုအရေးကြီးပါတယ်။ နည်းပညာကို အကူအညီ အဖြစ်ပဲအသုံးပြုစေချင်ပါတယ်။
Credit To: Win Thu
Ref: ဘလော့ခရီးသည်
#ပြန်လည်မျှဝေပေးခြင်းဖြင့်ကူညီကြပါ
#ဆော့ဝဲလမ်းညွှန်






