Facebook ကို နာမည်ပြောင်းတော့မယ်လို့ သတင်းများထွက်ပေါ်

Facebook ဟာ လာမည့်အပတ်တွင်းမှာပဲ နာမည်ပြောင်းလဲသွားဖို့ အစီအစဉ်ရှိတယ်လို့  The Verge  သတင်းဌာနမှ အင်္ဂါနေ့ညနေခင်း သတင်းများတွင် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

Facebook ဟာ လူမှုကွန်ယက်မီဒီယာကုမ္ပဏီတစ်ခုထက် metaverse  ကုမ္ပဏီတစ်ခုဖြစ်လာစေရန် အထူးအာရုံစိုက်ထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း Facebook ကုမ္ပဏီရဲ့ အဓိက ဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook ရဲ့ အမည်ကို ပြောင်းလဲဖို့ ရည်ရွယ်လိုက်တယ်လို့ သတင်းများအရ သိရသည်။

စီးအီးအို ဇူကာဘတ်သည် နာမည်ပြောင်းလဲရန်အတွက် အောက်တိုဘာ ၂၈ရက်နေ့မှာ ကျင်းပမယ့် Facebook ရဲ့ နှစ်စဉ်ဆက်သွယ်ရေးကွန်ဖရင့်စ်တွင် ဆွေးနွေးသွားမှာဖြစ်ပြီး ပြောင်းလဲသွားမယ့် နာမည်ကိုတော့ ကွန်ဖရင်စ့် မတိုင်ခင်မှာတင် ကြေညာသွားမယ်လို့ သိရပါတယ်။

Facebook ကုမ္ပဏီဘက်မှ မည်သည့် မှတ်ချက်နဲ့ ကောလာဟလ များကိုမှ တုန့်ပြန်သွားမှာမဟုတ်ကြောင်း" Facebook ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ ပြောကြားထားပါတယ်။

Credit: MyanmarPlatform
#ဆော့ဝဲလမ်းညွှန်