"ဘာသာစကားေပါင္း ၂၂ ဘာသာကို အခမဲ့ေလ့လာႏိုင္မယ့္ Duolingo”

"ဘာသာစကားပေါင်း ၂၂ ဘာသာကို အခမဲ့လေ့လာနိုင်မယ့် Duolingo”

Duolingo ဆိုတာ ဘာသာစကားလေ့လာချင်သူတွေအတွက် သင်တန်းမတတ်ဘဲ အိမ်မှာအလွယ်တကူလေ့လာနိုင်အောင် တည်ဆောက်ထားတဲ့ Language Learning Website (သို့) App တစ်ခုပါ။

ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားလေ့လာရေး website တွေထဲမှာ လူသိအများဆုံး website တစ်ခုလည်းဖြစ်ပါတယ်။ (British Council) တို့လို့ (BBC Learning English) တို့လို့မျိုး အခမဲ့လေ့လာနိုင်တဲ့ နာမည်ကြီး website တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် website နဲ့ App ထဲမှာလည်း ဘာသာစကား ၂၂ မျိုးကိုလေ့လာနိုင်ပြီး ကွဲပြားခြားနားတဲ့ Course ပေါင်း ၉၉ ခုတောင် ရှိနေပါပြီ။

အခမဲ့လိုတောင်မထင်ရအောင် အသေးစိတ် Detail ကျကျထည့်ပေးထားတာကြောင့် အိပ်မှာနေရင်း၊ အလုပ်မှာနေရင်း လေ့လာမယ်သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။

သို့ပေမဲ့ သင့်အနေနဲ့ English ဘာသာစကားကိုတော့ ကျွမ်းကျင်နေဖို့လိုပါတယ်။

တခြားဘာသာစကားတွေကို သင်ယူဖို့အတွက် ကြားခံအနေနဲ့ English ကို အဓိကမပါမဖြစ် ထည့်ပေးထားပြီး အချို့နိုင်ငံကြီးတွေကတော့ သူတို့ရဲ့မိခင်ဘာသာစကားနဲ့ လေ့လာနိုင်အောင် စီမံပေးထားပါတယ်။

ဥပမာ- သင်က Chinese ဘာသာစကားကို လေ့လာမယ်ဆိုကြပါစို့ ဒီဘာသာစကားကိုလေ့လာဖို့အတွက် Enlgish, Spanish, French , German , Italian , Japanese , Korean စတဲ့ နိုင်ငံတွေက ဘာသာစကားတွေနဲ့ လေ့လာနိုင်ပါတယ်။

ဒီတော့ သင့်မှာ English နဲ့ပက်သက်ပြီး အခြေခံကောင်းမယ်ဆိုရင်တော့ အခြားဘာသာစကားပေါင်းများစွာကို ငွေကြေးအကုန်အကျခံစရာမလိုပဲ Free လေ့လာခွင့်ရမှာဖြစ်ပါတယ်။

သင်က English စာမကောင်းဘူးဆိုရင်တော့ အပေါ်မှာပြောခဲ့တဲ့ British Council တို့ BBC learning English တို့မှာ လေ့လာနိုင်ပါတယ်

ဆော့ဝဲကိုဒေါင်းယူပေးပါ- http://bit.ly/2nB83sz

အားလုံးအဆင်ပြေပါစေ...
#ဆော့ဝဲလမ်းညွှန်

"ဘာသာစကားေပါင္း ၂၂ ဘာသာကို အခမဲ့ေလ့လာႏိုင္မယ့္ Duolingo”

Duolingo ဆိုတာ ဘာသာစကားေလ့လာခ်င္သူေတြအတြက္ သင္တန္းမတတ္ဘဲ အိမ္မွာအလြယ္တကူေလ့လာႏိုင္ေအာင္ တည္ေဆာက္ထားတဲ့ Language Learning Website (သို႔) App တစ္ခုပါ။

ကမ႓ာေပၚမွာရိွတဲ့ ဘာသာစကားေလ့လာေရး website ေတြထဲမွာ လူသိအမ်ားဆံုး website တစ္ခုလည္းျဖစ္ပါတယ္။ (British Council) တို႔လို႔ (BBC Learning English) တို႔လို႔မ်ိဳး အခမဲ့ေလ့လာႏိုင္တဲ့ နာမည္ႀကီး website တစ္ခုျဖစ္ပါတယ္။

ဒါ့အျပင္ website နဲ႔ App ထဲမွာလည္း ဘာသာစကား ၂၂ မ်ိဳးကိုေလ့လာႏိုင္ၿပီး ကြဲျပားျခားနားတဲ့ Course ေပါင္း ၉၉ ခုေတာင္ ရိွေနပါၿပီ။

အခမဲ့လိုေတာင္မထင္ရေအာင္ အေသးစိတ္ Detail က်က်ထၫ့္ေပးထားတာေၾကာင့္ အိပ္မွာေနရင္း၊ အလုပ္မွာေနရင္း ေလ့လာမယ္သူေတြအတြက္ ေတာ္ေတာ္အဆင္ေျပပါတယ္။

သို႔ေပမဲ့ သင့္အေနနဲ႔ English ဘာသာစကားကိုေတာ့ ကြၽမ္းက်င္ေနဖို႔လိုပါတယ္။

တျခားဘာသာစကားေတြကို သင္ယူဖို႔အတြက္ ၾကားခံအေနနဲ႔ English ကို အဓိကမပါမျဖစ္ ထၫ့္ေပးထားၿပီး အခ်ိဳ႕ႏိုင္ငံႀကီးေတြကေတာ့ သူတို႔ရဲ့မိခင္ဘာသာစကားနဲ႔ ေလ့လာႏိုင္ေအာင္ စီမံေပးထားပါတယ္။

ဥပမာ- သင္က Chinese ဘာသာစကားကို ေလ့လာမယ္ဆိုၾကပါစို႔ ဒီဘာသာစကားကိုေလ့လာဖို႔အတြက္ Enlgish, Spanish, French , German , Italian , Japanese , Korean စတဲ့ ႏိုင္ငံေတြက ဘာသာစကားေတြနဲ႔ ေလ့လာႏိုင္ပါတယ္။

ဒီေတာ့ သင့္မွာ English နဲ႔ပက္သက္ၿပီး အေျခခံေကာင္းမယ္ဆိုရင္ေတာ့ အျခားဘာသာစကားေပါင္းမ်ားစြာကို ေငြေၾကးအကုန္အက်ခံစရာမလိုပဲ Free ေလ့လာခြင့္ရမွာျဖစ္ပါတယ္။

သင္က English စာမေကာင္းဘူးဆိုရင္ေတာ့ အေပၚမွာေျပာခဲ့တဲ့ British Council တို႔ BBC learning English တို႔မွာ ေလ့လာႏိုင္ပါတယ္

ေဆာ့ဝဲကိုေဒါင္းယူေပးပါ- http://bit.ly/2nB83sz

အားလံုးအဆင္ေျပပါေစ...
#ေဆာ့ဝဲလမ္းၫႊန္