သဘာဝဘေးအန္တာရယ်များကို ကြိုတင်သိရှိနိုင်မယ့် ဆော့ဝဲ

ဒါန် မိုဘိုင်း အက်ပလီကေးရှင်းသည် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ မိုးလေဝသသတင်းများနှင့် သဘာဝဘေးလျော့ပါးရေးလုပ်ဆောင်မှု သတင်းများအားလုံးကိုအချိန်နှင့်တစ်ပြေးညီဖော်ပြပေးပါမည်။

- ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကိုလည်း ဒါန် အက်ပလီကေးရှင်း၏ အရေးကြီးသတင်း (သတိပေးချက်များ) ဖြင့် သုံးစွဲသူများထံသို့ နိုတီပေးပို့မည် ဖြစ်ပါသည်။

- ဒါန် အက်ပလီကေးရှင်းထဲတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှုနှုန်းများသည့် သဘာဝဘေး အန္တရာယ်(၈)မျိုးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် အချက်များ၊ ဆောင်ရန်/ရှောင်ရန် အချက်များအပြင် အသိပညာပေး သိမှတ်ဖွယ်ရာ စာအုပ်များကိုပါ ဖတ်ရှုနိုင်ပါသည်။

- မြန်မာနိုင်ငံ၊ ပြည်သူလူထုမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကို အချိန်မီ ရရှိခြင်းအားဖြင့် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ပြီး အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဒါန် မိုဘိုင်း အက်ပလီကေးရှင်းအား မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ UNDP နှင့် Adaptation Fund တို့၏ ပံ့ပိုးမှုဖြင့် ရေးဆွဲဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

မရှိမဖြစ်ဆောင်ထားသင့်တဲ့ဆော့ဝဲလေးဖြစ်တာကြောင့် အောင့်လင့်မှာ ဒေါင်းယူလိုက်ကြရအောင်။

ဆော့ဝဲကို ဒီမှာဒေါင်းယူပါ - http://bit.ly/2L99WGs

အားလုံးအဆင်ပြေပါစေ...
#ဆော့ဝဲလမ်းညွှန်