အမျိုးသမီး​တွေ ဘဝ လုံခြုံ​စေဖို့ နည်းလမ်း

အမျိုးသမီး​တွေ ဘဝ လုံခြုံ​စေဖို့ (အပန်းမကြီးရင်​ ရှယ်​​ပေး​စေချင်​ပါတယ်​)
အမျိုးသမီး များ အတွက် အကာအကွယ်​​ပေးနိုင်​ဖို့ Android app ​လေးတစ်​ခုရှာ​တွေ့ပါတယ်​။ နာမယ်​က Women Safety ပါ။ Google Play မှာရော အောက်က Link မှာပါ အခမဲ့ down လို့ရပါတယ်​။ ​ဒေါင်းပြီးတာနဲ့ ကိုယ့်​ဖုန်းနံပတ်​ရယ်​၊ ကိုယ်​တစ်​ခုခုဖြစ်​ရင်​ အသိ​ပေး​စေချင်​တဲ့ နံပတ်​ရယ်​ စတဲ့ဟာ​လေး​တွေထည့်​ပြီးတာနဲ့သုံးလို့ရပါပြီ။

ဆော့ဝဲကို ဒီမှာဒေါင်းယူပါ Download

အန္တရာယ်​ တစ်​ခုခု ကြုံဖို့ ဖြစ်​လာတာဖြစ်​​စေ ကျန်းမာ​ရေး မ​တော်​တဆ တစ်​ခုခုဖြစ်​လာတာနဲ့ အနီ​ရောင်​ Panic Alert ​လေးကို နှိပ်​လိုက်​ရုံပဲ။ ရဲကားအသံလိုကြီးမြည်​လာမယ်​။ ကိုယ့်​ ဖုန်း ကင်​မရာက​နေ ဓာတ်​ပုံ ဗီဒီယို​တွေအလို​လျောက်​ရိုက်​ကူးမယ်​ ပြီးရင်​ကိုယ်​​ရောက်​​နေတဲ့​နေရာအတိအကျကို SMS နဲ့ ကိုယ်​အသိ​ပေးချင်​ တဲ့ သူဆီ(ကိုယ်​ setting ထဲမှာ ထည့်​ထားတဲ့ မိသားစုဝင်​ သူငယ်​ချင်းစသည်​တို့ဆီ) location link ချက်​ခြင်းပို့​ပေးပါတယ်​။ တစ်​ခုခုဖြစ်​တာချက်​ခြင်းသိပြီး​နေရာအတိအကျမို့လို့ အကူညီ​ပေးဖို့ ဒါမှမဟုတ်​ တာဝန်​ရှိတဲ့ ရဲကိုအ​ကြောင်းကြားဖို့ အဆင်​​ပြေပါမယ်​။

မိန်းက​လေးသာမက သက်​ကြီးရွယ်​အို​တွေ၊ က​လေးငယ်​​တွေကိုလဲ သင်​ထား​ပေးရင်​ သုံးရလွယ်​ပါတယ်​။

တစ်​ခု​တော့ရှိတယ်​။ လုံခြုံမှုအတွက်​ဘသတိတရားကပိုအ​ရေးကြီးပါတယ်​။ နည်းပညာကို အကူအညီ အဖြစ်​ပဲအသုံးပြု​စေချင်​ပါတယ်​။

Credit To: Win Thu
Ref: ဘလော့ခရီးသည်
#ပြန်လည်မျှဝေပေးခြင်းဖြင့်ကူညီကြပါ
#ဆော့ဝဲလမ်းညွှန်